ကွန်ပျူတာနည်းပညာများ ဖုန်း-ဟက်ဝဲလ်- ဆော့ဖ်ဝဲလ် နည်းပညာများ Progreaming နည်းပညာများ ဟက်ကင်းနည်းပညာများ အားလုံးကို တစ်စုတစ်ဝေးထည်း ဖတ်လို့ရအောင် ဒေါင်းလို့ရအောင် ဒီ Blogs လေးကို ဖန်တီးထားတာပါ[...]

ကွန်ပျူတာပြုပြင်ခြင်း၊ မိတ်ဆွေတို့ရဲ့ စည်းပွားရေးလုပ်ငန်းများအတွက် ကြော်ငြာဒီဇိုင်များရေးစွဲးပေးခြင်း Android ဖုန်း ဆော့ဖ်ဝဲလ်များရေးသားပေးခြင်း နှင့် အခြားသော ၀န်ဆောင်မှုအမျိုးမျိုးတို့ကို စိတ်တိုင်းကြ ဆောင်ရွက်ပေးနေပါသည်၊ 09459809786 [...]

ဒီနေရာတွင် မိတ်ဆွေတို့ရဲ့ စည်းပွားရေးကြေငြာများ ကို ထည့်ကြော်ငြာနိုင်ပါပီ [...]

ဒီနေရာတွင် မိတ်ဆွေတို့ရဲ့ စည်းပွားရေးကြေငြာများ ကို ထည့်ကြော်ငြာနိုင်ပါပီ [...]

MHC နည်းပညာစုဝေးရာ မင်းထက်အောင် ကွန်ပျူတာဒီဇိုင်း ကြော်ငြာထည့်ရန် ကြော်ငြာထည့်ရန်

(1) HACKING SOFTWARE ( Software အသုံးပြု၍ Hack ခြင်း)



Google မှာ Facebook Hacking လို့ Search လိုက်တယ်ပေါ့ဗျာ...။
ကျလာပါလိ့မ်မယ် ... ဖေ့ဘုတ်ဟက်ဖို့အတွက်
သန်းနဲ့ချီတဲ့ဆော့ဖ်ဝဲဒေါင်းလုတ်လင့်တွေကအစ ...။
တကယ်တော့ သည်ဆော့ဖ်ဝဲတွေဟာ ဖေ့ဘုတ်ဟက်ဖို့ဆိုတာထက်
ဒေါင်းလုတ်ဆွဲတဲ့သူကိုရည်ရွယ်ပြီးတိုက်ခိုက်တဲ့
ဆော့ဖ်ဝဲတွေအများဆုံးပါပဲ....။
(ကိုယ်တွေလည်းငယ်ငယ်ကခံခဲ့ရဖူးတယ် :3 )
Virus တွေပါမယ် ... Trojan တွေပါမယ် ...။

Ransomware, spyware, adware ဒါမှမဟုတ်
အခြားအမည်မသိ malicious programs တွေဖြစ်နေတတ်တာများပါတယ်။
တချို့ဆော့ဖ်ဝဲတွေကတော့ တကယ်အလုပ်လုပ်ပါတယ်...
အလုပ်လုပ်တဲ့ဆော့ဖ်ဝဲတွေကိုပဲနှစ်ပိုင်းခွဲပြီးပြောတော့မယ် ...။


(က) Online ပေါ်မှာသုံးရတဲ့ Sofware ရယ် ...
(ခ) Download ဆွဲ ၊ စက်ထဲ Install လုပ်ပြီးသုံးရတဲ့ Software ရယ်။
(က) Online Softare
Online software မှာတော့ အဓိကအားဖြင့်
hack ချင်တဲ့လူရဲ့ profile link တွေဘာတွေထည့်ပေးရတာများတယ်။
(ဥပမာ - www.facebook.com/john.doe)
သည်လိုထည့်ပေးလိုက်တာနဲ့
အဲ့ Application ဟာ ပေးထားတဲ့အကောင့်ကို
Brute Force တိုက်တော့တာပါပဲ....။
B.F လို့ပဲအတိုရေးတော့မယ်ဗျာ..
(Best Friend မဟုတ်ပါဘူး Brute Force ပါ)
B.F ကတော့သိတဲ့အတိုင်းပါပဲ ...။
အောင်မြင်နိုင်ဖို့ရာခိုင်နှုန်းအလားအလာအလွန့်အလွန်ကိုနည်းပါတယ်။
သိပ်ပြီးပေါက်လွှတ်ပဲစားဆန်တဲ့ Password မျိုးတွေနဲ့
Login ၀င်ကြည့်တာမျိုးပေါ့ ...။
ဥပမာ - qwertyui တို့ 12345678 တို့ abcd1234 တို့လို
ပေါလောရှောလောပက်စ်ဝါ့တွေနဲ့ သူ့သူဝင်ကြည့်တယ်။
သိပ်မကြာခင်မှာပဲ ... Limit ဖြစ်ပြီး
Login Block ခံရတာပါပဲ....။
သည်တော့ ဒါဟာ တကယ်အလုပ်လုပ်တယ်ဆိုသော်ငြားလည်း
သိပ်ပြီးမျှော်လင့်ချက်မရှိဘူးပေါ့ဗျာ...။
ပက်စ်ဝါ့ကိုအဲ့လိုပေါက်ပန်းဈေးထားတဲ့သူကတော့ခံပေါ့..။
နောက်တစ်ချက်က ... ယူဆာနိမ်းလော့အင်ပိတ်ထားခဲ့ရင်လည်း
သည်နည်းဟာ အလုပ်မဖြစ်ပါဘူး။
ဒါကတော့ အွန်လိုင်းအပလီကေးရှင်းပိုင်းပါ ။

(ခ) DOWNLOADABLE SOFTWARE
ဒါကတော့ စက်ထဲအင်စတောပြီးသုံးရတဲ့
ဆော့ဖ်ဝဲအပိုင်းပေါ့ ....။
သည်အပိုင်းမှာ ဟိုဗရုတ်သုက္ခနဲ့
အလုပ်မဖြစ်တဲ့ဆော့ဖ်ဝဲတွေအကြောင်းမပြောတော့ဘူး။
တကယ်အလုပ်ဖြစ်တဲ့ "Remember me setting " အပေါ်အခြေခံပြီး
သုံးရတဲ့ဆော့ဖ်ဝဲတွေအကြောင်းပဲပြောတော့မယ်။
ခင်ဗျားတို့ PC မှာသိခဲ့ကြဖူးမှာပါ ...။
Phone Browser မှာလည်းပါတယ်...။
Remember Password Setting ...
နောက်တစ်ခါပြန်ဝင်ရင် ပက်စ်ဝါ့ကိုပြန်ရိုက်စရာမလိုတော့အောင်
မှတ်ထားပေးတဲ့ Options မျိုး ၊
Browser တိုင်းလိုလိုမှာပါပါတယ်...။
အပြင် Company တွေက
တရားဝင်ထုတ်တဲ့ ဆော့ဖ်ဝဲတွေရှိတယ်...။
ဥပမာ ElcomSoft ကထုတ်တဲ့ FPE(Facebook Password Extractror) ဆိုပါတော့။
သည်ဆော့ဖ်ဝဲက ကိုယ်လော့အင်ဝင်နေကျဘရောက်ဇာမှာ
Password Stored လုပ်ထားတာကို
ပြန်ဖြည်ယူတဲ့ဟာမျိုး ...။
ကိုယ့်ပက်စ်ဝါ့မေ့သွားတဲ့အခါသုံးဖို့ထားတဲ့ဆော့ဖ်ဝဲဆိုပါတော့...။
ဒါကို အနီးကပ်ရန်သူတွေက
ကိုယ့်အကောင့်ကို Hack ဖို့အတွက်
အသုံးချသွားတာမျိုးတွေရှိတတ်တယ်....။
Local Exploit ပဲဆိုပါတော့ဗျာ ...
Remote Exploit လိုအဝေးတနေရာကနေခိုးချင်ရင်တော့
အဲ့လိုဆော့ဖ်ဝဲကိုတခြားသူဖက်မှာမသိအောင်လှမ်းအင်စတော ၊
ပြီးရင် Decrypt လုပ်ထားတဲ့ Password ကိုယူ ၊
Process ကိုပြောတာပါ ... ဒါဆိုရင်တော့
နည်းနည်း Advance ကျသွားပြီဆိုရမယ် ...။
ဆော့ဖ်ဝဲအင်စတော ၊ Anti-Virus evading ၊
Reverse Connection စသည်ဖြင့်ပေါ့ ...။
သည်လောက်လုပ်တတ်မှတော့ သည်ဆော့ဖ်ဝဲနဲ့လည်းလုပ်မနေတော့ဘူး
အခြားပိုအဆင့်မြင့်တဲ့နည်းစနစ်တွေသုံးဖို့သာပဲ...။
အနိမ့်ဆုံး Keylogger ပဲဖြစ်ဖြစ်ပေါ့ ...။
ဆက်စပ်မိလို့ပြောရရင် ..
တလောကကျနော်ပြခဲ့ဖူးတဲ့
အခြားသူတစ်ယောက်ရဲ့ Cookies တွေ
Autofill data(password)တွေလှမ်းယူတဲ့ဟာမျိုး ...။
သဘောတရားချင်းကတော့အတူတူပါပဲ...။
ဒါမယ့် အဆင်သင့်ပေးထားတဲ့ Script တွေအပေါ်မှာ
Options လေးတွေချိန်းသုံးသွားရုံမလို့
အဆင့်မြင့်ပညာရပ်မဆိုနိုင်ပါဘူး၊
Script Kiddy အဆင့်ပါပဲ ....။
သို့သော် ... ဒါတွေကတပိုင်းဆိုတော့ကာ
ကျော်သွားပါတော့မယ်...။
လောဆယ် နောက်တစ်ခုဖြစ်တဲ့ နာမည်ကြီး Phishing ပေါ့ ...။

Share this post:

Digg it StumbleUpon del.icio.us Google Yahoo! reddit

0 comments:

Post a Comment

 
Copyright 2010 M.H.C